Give
SAVE MYANMAR DONATE MYANMAR
As a social influencer, I am contributing to fundraising campaigns on social media to support people in need in my country, such as CDMers and IDPs who have had to flee due to atrocities committed by the Myanmar military.
We are assisting as many people as we can, but we must do more.
I humbly thank you for all the support you have contributed to our people and continue to extend to us now.
You can easily make your donation by clicking the options below.
For more information regarding donation options:
- E-mail: [email protected]
- Messenger Facebook Page messenger
- Messenger Wai Yan Brothers
Visit wellburma.org
Donate Now
Every penny makes a difference
စစ်ရှောင်အလှူ
မင်္ဂလာပါခင်ဗျာ…
စစ်ဘေးသင့်ပြည်သူများနဲ့ ကလေးငယ်များအတွက် စားနပ်ရိက္ခာနဲ့ နေစရာ အမိုးအကာများ ကူညီထောက်ပံ့ပေးနိုင်ဖို့နဲ့ ကျနော်တို့ထံ အကူညီလာတောင်းထားကြတဲ့ ရဲဘော်အဖွဲ့လေးတွေဆီ စားနပ်ရိက္ခာ ထောက်ပံ့ပေးနိုင်ဖို့အတွက် အကူညီများစွာ လိုအပ်နေပါတယ်ခင်ဗျာ…
ဒါကြောင့် ချစ်ရတဲ့အလှူရှင် မိဘညီအစ်ကိုမောင်နှမများအနေနဲ့ တတ်နိုင်သလောက် ပါဝင်ကူညီအားဖြည့်ပေးပါဦးခင်ဗျ…
Aung Myo Zaw ရဲ့ (Facebook Page Messenger) ကနေတဆင့် ပါဝင်အားဖြည့်နိုင်သလို Wai Yan Brothers (Facebook Page Messenger) မှတဆင့်လည်း ကူညီအားဖြည့်နိုင်ပါတယ်ခင်ဗျ...
ကူချင်လှူချင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ Messenger လေးတွေကိုသာ လာ Hi လိုက်ပါခင်ဗျ... မျှော်နေပါ့မယ်ခင်ဗျာ...
ကျနော်တို့နဲ့အတူ ပါဝင်ထောက်ပံ့ပေးလျက်ရှိကြတဲ့ ချစ်ရသူများကို စစ်ရှောင်ပြည်သူများကိုယ်စား ကျေးဇူး အများကြီးတင်ပါတယ်ခင်ဗျ…
ကူရင်း လှူရင်း ကံစမ်းမယ်
အကြမ်းဖက်စစ်အုပ်စုရဲ့ လူမဆန်တဲ့လုပ်ရပ်များကြောင့် ဘေးဒုက္ခခံစားနေရတဲ့ စစ်ဘေးသင့်ပြည်သူများနဲ့ ကလေးငယ်များအတွက် ကူရင်း လှူရင်း ကျနော့်ရဲ့အမှတ်တရ လက်ဆောင်ပစ္စည်းလေးတွေကို ကံစမ်းနိုင်မယ့် အစီစဉ်လေးဖြစ်ပါတယ်ခင်ဗျ…
လက်မှတ် တစ်စောင် (၂)သောင်းကျပ်ထဲပါခင်ဗျာ... US (၁၀)ဒေါ်လာ , ထိုင်းဘတ်(၃၀၀), စလုံး(၁၅), မလေး(၅၀) အပြင် နိုင်ငံတကာက ပါဝင်အားဖြည့်နိုင်ပါတယ်ဗျ…
လာရောက်လှူဒါန်းပေးကြတဲ့ အလှူရှင်တွေအတွက် လက်စွပ်၊ ဆွဲကြိုး၊ နားကပ်၊ ရတနာပစ္စည်းလေးတွေနဲ့ အမှတ်တရပစ္စည်း အမျိုးပေါင်း(၅၀)ကျော် မဲဖောက်ပေးသွားမှာပါခင်ဗျာ…
ကျနော့်ရဲ့ PAGE ကနေ LIVE လွှင့်ပြီး ကံထူးရှင်လေးတွေကို လစဉ် မဲဖောက်ပေးနေတဲ့ အစီအစဉ်လေးလည်း ဖြစ်ပါတယ်ခင်ဗျာ...
ကံမစမ်းဘဲ အရင်လိုပဲ တတ်နိုင်သလောက် သီးသန့် လာလှူချင်ရင်လည်း Wai Yan Family Member အဖြစ်နဲ့ လာရောက်ဆက်သွယ်ပြီး လှူပေးနိုင်ပါတယ်ခင်ဗျာ…
ချစ်ရသူများနဲ့အတူ လစဉ်ပုံမှန်လေး နိုင်သလောက် ကူညီအားဖြည့်နိုင်အောင် စီစဉ်ထားတာဖြစ်လို့ မပျက်မကွက် ပါဝင်ပေးပါဦးခင်ဗျ...
ကျနော့်ရဲ့တော်လှန်ရေး Vlog လေးဖြစ်တဲ့ Wai Yan Brothers (Facebook Page) ရဲ့ Messenger ကနေ အခုပဲ လာဝယ်လို့ရပါပြီခင်ဗျာ... ဒီ Page လေးပါခင်ဗျ...
www.facebook.com/waiyanbrothers
Messenger မှာ မျှော်နေပါ့မယ် ချစ်တယ်နော်...
Wai Yan Family
ကျနော့်ကို ချစ်တဲ့ ခင်တဲ့သူတွေ Wai Yan Family လေးမှာ ပါဝင်နိုင်ပါတယ်ခင်ဗျာ…
ကျနော့်ရဲ့ ချစ်ရသူတွေနဲ့အတူ နွေးနွေးထွေးထွေး ရင်းရင်းနှီးနှီး ဆက်သွယ်နိုင်ဖို့အတွက် Wai Yan Family Group လေးရှိပါတယ်ခင်ဗျာ… ချစ်တဲ့ ခင်တဲ့သူတွေအတွက် သီးသန့်ပါပဲခင်ဗျ…
Family Member အဖြစ် ပါဝင်ပေးချင်တယ်ဆိုရင် လိုအပ်တဲ့နေရာမှာ ကျနော်တို့တွေ အတူတူ ပုံမှန်လှူသွားနိုင်ဖို့အတွက် အလှူငွေလေး အနည်းငယ် ထည့်ဝင်ပေးရုံပါပဲခင်ဗျာ…
အနည်းဆုံး (၁)သောင်းကျပ်ကစလို့ ပါဝင်အားဖြည့်နိုင်ပါတယ်… ထိုင်း baht 300 / မလေး 45 / စလုံး 15 / US 10 အနည်းဆုံး သတ်မှတ်ထားပါတယ်ဗျ… ပြည်တွင်းရော နိုင်ငံတကာကရော ပါဝင်အားဖြည့်နိုင်ပါတယ်ခင်ဗျာ…
ဒီထက်များများ ပိုလှူပေးနိုင်ရင်လည်း စေတနာရှိသလောက် များများ ပါဝင်အားဖြည့်ပေးပါလို့ တိုက်တွန်းပါရစေခင်ဗျာ… ခုချိန်မှာ ကူနိုင် လှူနိုင်ဖို့ကသာ အဓိကဖြစ်လို့ ခုလို စီစဉ်တာပါခင်ဗျာ...
Family မှာ ဘာတွေလုပ်မှာလဲဆိုတော့
- ရင်းရင်းနှီးနှီး စကားတွေ ပြောကြမယ်...
- အသိပညာ ဗဟုသုတတွေ ဖလှယ်ကြမယ်...
- စိတ်ဓာတ်ခွန်အားတွေ ပေးမယ်...
- ကျနော့်ရဲ့ နေ့စဉ် activity လေးတွေ ဝေမျှမယ်...
- Live တွေလည်း ပုံမှန် လွှင့်မယ်ခင်ဗျာ…
ပါဝင်အားဖြည့်ပေးကြလိမ့်မယ်လို့လည်း မျှော်လင့်ထားတယ်ခင်ဗျ...
အလှူငွေ ထည့်ဝင်ပြီးတာနဲ့ သီးသန့် Group Link လေးတွေ ပို့ပေးပါမယ်ခင်ဗျာ
Wai Yan Brothers - Facebook Page ရဲ့ Messenger ကို ခုပဲ လာခဲ့လိုက်ပါခင်ဗျာ… မျှော်နေမယ်နော်…